တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ

LAST UPDATED ON: September 6th, 2019

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ Smart Phone တွေဟာလည်း လူတွေရဲ့ အသက်ရှင်နေထိုင်မှုဘဝမှာ အရမ်းအရေးပါလာပါတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေး ဆိုသလို သုံးတတ်ရင်တော့ ခေတ်နှင့်အညီ နည်းပညာတွေ၊ ပညာရေး၊ ကျန်းမာရေး စတာတွေအတွက် ကောင်းကျိုးအများကြီး ပေးပါတယ်။ ဒါပေမယ့် အခုခေတ် လူငယ်အများစုကတော့ ဆေးထက် ဘေးဖြစ်အောင် စွဲလန်းမှုတစ်ခုအနေနဲ့ သုံးစွဲနေကြပါတယ်။
မနက်မိုးလင်းမျက်စိနှစ်လုံးဖွင့်တာနဲ့ ဖုန်း၊ ထမင်းစားလည်းဖုန်း ယုတ်စွအဆုံး အိမ်သာသွားရင်တောင် ဖုန်းက လက်ကမချတာ ဝေးဝေးပြေးကြည့်စရာလို စာရေးသူကိုယ်တိုင်ပါ။
ချစ်လွန်းလို့ အိပ်ရင်တောင် ခေါင်းအုံးဘေး၊ ခေါင်းအုံးအောက် ထားအိပ်ကြပါတယ်။
ဒါကြောင့် ရေရှည်မှာ အိပ်ရာထဲ ဖုန်းယူထားတဲ့အတွက် ထိခိုက်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
– ဖုန်းက ထွက်တဲ့ ရောင်ခြည်ဟာ နေ့ခင်းနေရောင်ခြည်နဲ့ ဆင်တူတဲ့အတွက် ညအချိန် ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ မတ်လက်တိုတင်ဟော်မုန်းကို နှောင့်ယှက်ပြီး ဟော်မုန်းအထွက်နည်းစေပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ကို နိုးကြားနေစေပြီး တော်တော်နဲ့ အိပ်လို့ မရတာမျိုးဖြစ်တတ်ပါတယ်။
– မတ်လက်တိုနင်ဟော်မုန်းကို အထွက်နည်းစေပြီး အီစတိုဂျင်ဟော်မုန်းကို အထွက်များစေတဲ့အတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း တွန်းအားပေးပါတယ်။
– အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေက ကမောက်ကမ ဖြစ်ကုန်ပြီး ကိုယ်ခံအားနည်းတာ၊ ကိုယ်အလေးချိန်တက်တာ စတဲ့ ရောဂါအသေးလေးတွေကနေ နုလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေထိ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။
ဒါကြောင့် နေ့ပိုင်းမှာ ဖုန်းသုံးတာ မလျှော့နိုင်ရင်တောင် ညပိုင်းမှာ ဖုန်းကို Air Plane mode လုပ်ပြီး ခပ်လှမ်းလှမ်းမှာ ထားပေးသင့်ပါတယ်။