posts2

LAST UPDATED ON: August 2nd, 2019

လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ကိုယ်စီရှိကြပါတယ်။ ကျောင်းသားဘဝတုန်းက အမှတ်များများရဖို့နဲ့ ဂုဏ်ထူးများများပါခဲ့ရင် တက္ကသိုလ်ကောင်းကောင်းတက်ဖို့ ရည်မှန်းခဲ့ကြတယ်။ နေ့ညမနားကြိုးစားပြီး အမှတ်ကောင်းကောင်းနဲ့ တက္ကသိုလ်ကောင်းကောင်းတက်ရပြန်တော့လည်း အလုပ်ကောင်းကောင်းရဖို့ လစာကောင်းကောင်းရပြီး မိသားစုကိုထောက်ပံ့နိုင်ဖို့က ရည်မှန်းချက်ဖြစ်လာရပြန်တယ်။ ဒါပေမယ့် ဒါကကော တကယ့်ရည်မှန်းချက်ပန်းတိုင်လားဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။